အဂတိမူဖြင့် ဖမ်းဆီးထားသည့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ချုပ်နှင့် ညွှန်မှူးတို့ကို မန္တလေးတွင် ရုံးထုတ်စစ်ဆေး

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့သည် အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းအပါအဝင် ရေအားလျှပ်စစ် လုပ်ငန်းများ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရာထူးအာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများ ကျူးလွန်ခဲ့သည်ဟုဆိုကာ စက်တင်ဘာ (၂၆)ရက်တွင် အမူဖွင့် ဖမ်းဆီးခံရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦး မန္တလေးနေအိမ်သို့ ခေတ္တပြန်လာချိန် ကျပ်သိန်း(၁၄၀)ကျော် တန်ဘိုးရှိ ပစ္စည်းများ ခိုးယူခံရ

ကျောပိုးအိတ်အတွင်း အရေးကြီးအချက်အလက်များပါ Dell အမျိုးအစား ရုံးသုံးလက်ပ်တော့ကွန်ပျူတာတစ်လုံး၊ ဖုန်း(၃)လုံး၊ ငွေကျပ်သိန်း(၅၀)နှင့် အမေရိကန်ဒေါ်လာ (၆၀၀)၊ ကျပ်(၁၄၂)သိန်းကျော် တန်ဖိုးရှိပစ္စည်းများ ပါရှိသည်ဟု ဆိုသည်။