မန္တလေးတွင် ကျောင်းတိုက်အတွင်း လူနေထိုင်မှု ရှိ၊မရှိ စိစစ်ရာမှ မြေသုံးကွက် သာသနာ့မြေအဖြစ် ပြန်ရ

ဘုန်းကြီးကျောင်းအတွင်း နေထိုင်သူနှင့် လက်ခံသူ ဘုန်းကြီးများအပါအဝင် (၁၅၀)ကို ခံဝန်ထိုးခိုင်းဟုဆို

နေကို၊ နိုဝင်ဘာ-၄

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတိုက်များတွင် လူနေထိုင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်း ရှိ၊မရှိ  ဝင်ရောက် စစ်‌ဆေးခဲ့ရာ  ကျုးကျော်အခြေချ နေထိုင်သူများထံ မြေကွက်သုံးကွက်ကို သာသနာ့မြေအဖြစ် ပြတ်လည်ရရှိခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းရေး အဖွဲ့ ဥက္ကဌ ဦးဝိဓူရ က မိန့်ကြားသည်။

ထို့အပြင် ချမ်းအေးသာစံမြို့နယ်အတွင်း ဘုန်းကြီးကျောင်းတိုက်များနှင့် သာသနာ့နယ်မြေများ အတွင်း ဝင်ရောက်နေထိုင် လုပ်ကိုင်နေသည့် လူနေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကိုလည်း ရာနှုန်းပြည့် ဖယ်ရှား ရှင်းလင်းနိုင်ခဲ့သည်ဟု ဆရာတော် ဦးဝိဓူရက ဆိုသည်။

နိုဝင်ဘာ(၅)ရက်က ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အချို့ကို မြို့နယ် သာ၊ထိန်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးစဉ်။ Photo – Nay Ko (Mandalay In-dpth News)
နိုဝင်ဘာ(၅)ရက်က ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အချို့ကို မြို့နယ် သာ၊ထိန်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးစဉ်။ Photo – Nay Ko (Mandalay In-dpth News)

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အကောက်ဝန်ကျောင်းတိုက်၊ သင်္ဂဇာတိုက်နှင့် ဒက္ခိဏဝံ့သ ကျောင်းတိုက်များတွင် လူများ အ‌ခြချနေထိုင်လျှက်ရှိသည့် မြေကွက်သုံးကွက်ကို မြို့နယ် သာ၊ထိန်းအဖွဲ့မှ သာသနာ‌မြေအဖြစ် ပြန်လည် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သာသနာ့နဲ့ဆိုင်တဲ့ မြေတွေ ပြန်ရတာ ဝမ်းသာစရာ ကောင်းတာပေါ့။ အခုလို အဖြစ်တွေက တိုက်ဘုန်းကြီးတွေ လက်မခံရင် ဖြစ်လာမှာ မဟုတ်ပါဘူး။ အခြားကျောင်းတွေကိုလည်း အချိန်ကျရင် ဝင်စစ်ဆေးမယ်” ဟု ဆရာတော် ဦးဝိဓူရက မိန့်သည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဘုန်ကြီးကျောင်းများတွင် လူနေထိုင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်း ရှိ၊မရှိ မြို့နယ် သာသနာထိန်းသိမ်းရေးအဖွဲ့မှ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကျောင်းတိုက်အတွင်း နေထိုင်သူနှင့် နေထိုင်ရန် ခွင့်ပြုခဲ့သည့် ဆရာတော်များအပါအဝင် လူပုဂ္ဂိုလ်(၁၅၀)ကျော်ကို ခံဝန်လက်မှတ်များ ရေးထိုးစေခဲ့သည်။

နိုဝင်ဘာ(၅)ရက်က ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အချို့ကို မြို့နယ် သာ၊ထိန်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးစဉ်။ Photo – Nay Ko (Mandalay In-dpth News)
နိုဝင်ဘာ(၅)ရက်က ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အချို့ကို မြို့နယ် သာ၊ထိန်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးစဉ်။ Photo – Nay Ko (Mandalay In-dpth News)

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဘုန်းကြီးကျောင်းနှင့် သာသနာ့နယ်မြေများအတွင်း နေထိုင်သူများ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများကို သာသနာရေးဦးစီးဌာန၊ သံဃာ့နာယကအဖွဲ့များနှင့် ပူးပေါင်းကာ ဖယ်ရှာရှင်းလင်းမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

ချမ်းအေးသာစံမြို့နယ် သာသနာတော် ထိန်းသိန်းစောင့်ရှောက်ရေးအဖွဲ့သည် အောက်တိုဘာ(၁)ရက်မှ (၅)ရက်အထိ ယင်းမြို့နယ်တွင်းရှိ ကျောင်းတိုက်များကို စစ်ဆေးခဲ့ရာ ကျောင်းတိုက်(၆၅)တိုက်တွင် အခြေချနေထိုင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့်  မိသားစု(၈၇)စုကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာ(၅)ရက်က ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အချို့ကို မြို့နယ် သာ၊ထိန်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးစဉ်။ Photo – Nay Ko (Mandalay In-dpth News)
နိုဝင်ဘာ(၅)ရက်က ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အချို့ကို မြို့နယ် သာ၊ထိန်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးစဉ်။ Photo – Nay Ko (Mandalay In-dpth News)

ချမ်းအေးသာစံမြို့နယ်တွင်  ကျောင်းတိုက်ပေါင်း (၇၅)တိုက်၊ ကျောင်းပေါင်း (၄၃၇)ကျောင်း ရှိကြောင်း မြို့နယ်သံဃာ့နာယက အဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။

နိုဝင်ဘာ(၅)ရက်က ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အချို့ကို မြို့နယ် သာ၊ထိန်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးစဉ်။ Photo – Nay Ko (Mandalay In-dpth News)

Leave a Reply

Your email address will not be published. Required fields are marked *