ညောင်ဦးမြို့နယ် ဗျတ္တပန်းဆက်လမ်းတွင် ကားပေါ်မှ ကြဲချသည့် ပိုက်ဆံကောက်သူ အဖွားအိုတစ်ဦး ခလုတ်တိုက်လဲကျကာ သေဆုံး၊

ကားပေါ်မှ ပိုက်ဆံကြဲချခြင်းနှင့် ပိုက်ဆံတောင်းခြင်း မပြုလုပ်ရန် တားမြစ်ထားသော်လည်း ဓလေ့လိုဖြစ်နေဟုဆို

ဘုံကမ္ဘာထွန်း၊ စက်တင်ဘာ-၁၄

ညောင်ဦးမြို့နယ် ဗျတ္တပန်းဆက်လမ်းပေါ်တွင် ကားပေါ်မှကြဲချသည့် ပိုက်ဆံကောက်ယူသူ အသက်(၇၅)နှစ်အရွယ် အဖွားအိုတစ်ဦး ခလုတ်တိုက်လဲကျကာ ဦးခေါင်းနှင့် ကားလမ်းရိုက်မိပြီး သေဆုံးခဲ့မူ စက်တင်ဘာ(၁၃)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သေဆုံးခဲ့သည့် အဖွားသည် မန္တလေးတိုင်းဒေသကြီး ညောင်းဦးမြို့နယ် ခွေးပြုတ်ကျေးရွာတွင် နေထိုင်သူဖြစ်သည်။ စက်တင်ဘာ(၁၃)ရက် နံနက်ပိုင်းက ကျေးရွာအနီး ဗျတ္တပန်းဆက်လမ်းပေါ်တွင် ခရီးသွားကားပေါ်မှ ကြဲချသည့် ပိုက်ဆံများကို လိုက်လံကောက်ယူရန် ကားလမ်းပေါ်သို့ ပြေးသွားစဉ် ခလုတ်တိုက် လဲကျကာ ကားလမ်းနှင့်ဦးခေါင်း ရိုက်မိသဖြင့် ညောင်ဦးဆေးရုံသို့ ပို့ဆောင်စဉ်  သေးဆုံးခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ပညပေး ဆောငျရှကျနမှေု

“ပိုက်ဆံလိုချင်ဇောနဲ့ ပြေးကောက်တာပေါ့။ အဲ့ဒီမှာ ခလုတ်တိုက်ပြီး သူ့ဘာသူ လဲပြီး ခေါင်းနဲ့ရိုက်မိတာလို့ သူနဲ့အတူ ကောက်တဲ့ မျက်မြင်သက်သေ အဖွားတစ်ယောက်ကတော့ အဲ့လိုပြောတာပဲ”ဟု တောင်ဇင်းတိုက်နယ်အုပ်စု၊ ထနောင်းစုရွာမှ ဦးပြုံးတင်က ပြောသည်။

လက်ရှိအချိန်သည် ပုပ္ပါးဘိုးတော်ထွက်ပွဲ  ပွဲတော်အချိန်ဖြစ်ပြီး ခရီးသွားလာသူများမှ ပိုက်ဆံကြဲချပေးလေ့ရှိသလို ကားလမ်းအနီးအနား ကျေးရွာများမှ ဒေသခံများကလည်း ကားပေါ်မှ ပိုက်ဆံကြဲချရန် တောင်းခံကာ လိုက်လံကောက်ယူလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ပညပေး ဆောငျရှကျနမှေု

ထိုသို့ ခရီးသွားကားပေါ်မှ ပိုက်ဆံကြဲချခြင်းနှင့် ကားနောက်ပြေးလိုက်ကာ ပိုက်ဆံတောင်းခံခြင်းသည် အန္တရာယ်ရှိသည့်အတွက် လုပ်ဆောင်ခြင်းမပြုကြရန် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များမှ စာထုတ်တားမြစ်ခြင်း၊ အသိပညာပေး တားမြစ်ခြင်းများ ပြုလုပ်ခဲ့သော်လည်း လိုက်နာခြင်းမရှိကြောင်း တောင်ဇင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းပိုက ပြောသည်။

ပညပေး ဆောငျရှကျနမှေု

“ဒီလို လုပ်တာတွေက အန္တရာယ်ရှိတယ်။ နိုင်ငံခြားသား ခရီးသည်ကားတွေ နောက်ကနေ လိုက်တောင်းတာမျိုးတွေလည်း ရှိတော့ ဒေသအတွက်ရော နိုင်ငံအတွက်ရော အရှက်ရစရာဖြစ်လို့ မလုပ်ဖို့ တားတယ်။ ခရီးသွားကားတွေကို ပညာပေးတယ်။ ဒါပေမယ့် ပြောတုန်း၊ လိုက်တားတုန်း ခနပဲ။ တားတဲ့သူတွေ ပြန်တာနဲ့ အဖွဲ့လိုက်ကြီး ပြန်ထွက် ကောက်ကြတာ။  ကားလမ်းပေါ်ထွက်ရင် ပိုက်ဆံတွေ အများကြီးရကြတယ်။ ပိုက်ဆံကောက်တဲ့သူ တချို့ကို တရားရုံးပို့တော့လည်း တရားရုံးက ဒဏ်ငွေ ချတာနည်းတော့ အလေးမထားကြတော့ဘူး။ အဲ့တော့ မကြောက်ကြတော့ဘူး။ ကောက်ကြတယ်။ ထိရောက်တဲ့ ဥပဒေတစ်ရပ်တော့ လိုအပ်တယ်လို့ ထင်တယ်”ဟု ဦးပြုံးတင်က ပြောသည်။

ပုဂံညောင်ဦးဒေသတွင် သဲချောင်းများ၊ ကားလမ်းများကို ရှင်းလင်းကာ ခရီးသွားများထံမှ ပိုက်ဆံတောင်းခြင်းနှင့် ခရီးသွားများမှလည်း ကားပေါ်မှ ပိုက်ဆံကြဲချခြင်းသည် ဓလေ့တစ်ခုကဲ့သို့ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ပညပေး ဆောငျရှကျနမှေု

သို့သော် ယခုကဲ့သို့ ပိုက်ဆံကောက်ယူစဉ် သေဆုံးမူမှာမူ ယခင်က ဖြစ်ပွားခဲ့ဖူးခြင်းမရှိကြောင်း တောင်ဇင်းကျေးရွာအုပ်စုမှ ဒေသခံများက ပြောသည်။

အဆိုပါ အဖွားအို သေဆုံးမူနှင့်ပတ်သက်၍ တောင်ဇင်း ရဲကင်းစခန်းတွင် သေမူသေခင်းဖွင့်ကာ စစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများမှ ဗျတ္တပန်းဆက်လမ်းတစ်လျှောက် ပိုက်ဆံ ကြဲချ၊တောင်းရမ်းမူ ပပျောက်ရေး စက်တင်ဘာ(၆)ရက်က ကွင်းဆင်းပညာပေးဆောင်ရွက်နေစဉ်။ ဓါတ်ပုံ – U Ye Naing FB.

Leave a Reply

Your email address will not be published. Required fields are marked *