မန္တလေးတွင် အိမ်မွေးခွေးများ မှတ်ပုံတင်ရမည်၊ စည်ပင်မှ ခွေးလိုင်စင် ထုတ်ပေးမည်ဖြစ်

MID News၊ စက်တင်ဘာ-၁၈

မန္တလေးမြို့တွင် နေထိုင်သူများအနေဖြင့် ခွေးမွေးမြူလိုပါက စနစ်တကျ ခွေးမှတ်ပုံတင်၊ လိုင်စင်ပြုလုပ်ကာ မွေးမြူရမည်ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့်လည်း ခွေးလိုင်စင်များ ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် လာမည့် အောက်တိုဘာ(၁)ရက်မှ စတင်ကာ မန္တလေးမြို့တွင်းရှိ အိမ်မွေးခွေးများအတွက် ခွေးလိုင်စင် ပြုလုပ်ပေးမည်ကြောင်း စည်ပင်သာယာကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။မန္တလေးမြို့တွင် နေထိုင်သူများအနေဖြင့် ခွေးမွေးမြူလိုပါက စနစ်တကျ ခွေးမှတ်ပုံတင်၊ လိုင်စင်ပြုလုပ်ကာ မွေးမြူရမည်ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့်လည်း ခွေးလိုင်စင်များ ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် လာမည့် အောက်တိုဘာ(၁)ရက်မှ စတင်ကာ မန္တလေးမြို့တွင်းရှိ အိမ်မွေးခွေးများအတွက် ခွေးလိုင်စင် ပြုလုပ်ပေးမည်ကြောင်း စည်ပင်သာယာကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

လမ်းပေါ်သွားလာနေပြီး အများပြည်သူကို အန္တရာယ်ဖြစ်စေသည့် ခွေးလေခွေးလွင့်များကို ရှင်းလင်းရာတွင် ရောနှောပါဝင်ခြင်း မရှိစေရန်အတွက် ခွေးမွေးမြူသူများအနေဖြင့် ခွေးလိုင်စင် ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဖွံ့ဖြိုးပြီးနိုင်ငံတွေလို စနစ်တကျဖြစ်စေချင်လို့ပါ” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

အောက်တိုဘာ(၁)ရက်မှ စတင်ကာ ခွေးလိုင်စင်များ ပြုလုပ်ရမည်ဖြစ်ပြီး ခွေးတစ်ကောင်လျှင် လိုင်စင်ကြေး ကျပ်ငါးထောင်ပေးသွင်းကာ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရုံးများတွင်  ပြုလုပ်ရမည်ဖြစ်သည်။ လိုင်စင်ပြုလုပ်သည့်ခွေးအတွက် MDY City တံဆိပ်နှင့် ခွေးခေါင်းပုံပါ သတ္ထုပြား ပေးအပ်မည်ဖြစ်ပြီး အဆိုပါ လိုင်စင်သည် ထပ်မံသက်တမ်းတိုးရန် လိုအပ်မည်မဟုတ်ဘဲ ခွေးတစ်သက်စာအတွက် ဖြစ်ကြောင်း ဦးကျော်ဆန်းမြင့်က ပြောသည်။

“သတ္တုပြားတံဆိပ်ကို လည်ပတ်မှာ တပ်ထားပါမယ်။ အပြက်ထွက်ရင် ပတ်ပေးထားရပါမယ်။ ကိုက်တတ်တယ်ဆိုရင် ပါးစပ်အုပ်ထားတဲ့ဟာ တစ်ခုခုလုပ်ထားပါတယ်”ဟု ၎င်းက ပြောသည်။

သတ်မှတ်ကာလမှ သုံးလအတွင်း ခွေးလိုင်စင်ပြုလုပ်ခြင်းမရှိပါက ခွေးပိုင်ရှင်ဖြစ်သူကို ဒဏ်ငွေကျပ်သုံးသောင်း ချမှတ်မည်ဖြစ်ကြောင်း စည်ပင်သာယာမှ သတင်းရရှိသည်။

“မြို့နယ်ရုံးတွေမှာ ပုံစံထုတ်ပြီး လုပ်ရမှာ ဖြစ်ပါတယ်။ သုံးလအတွင်း လုပ်ရပါမယ်။ မလုပ်ရင် ကျပ် သုံးသောင်း ဒဏ်ရိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲ့ဒီထက်ကျော်လာရင် ဥပဒေအရ အရေးယူတာ ရှိပါမယ်”ဟု စည်ပင်သာယာကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

မန္တလေးမြို့တွင် ခွေးလေခွေးလွင့် အကောင်ရေ တစ်သိန်းဝန်းကျင် ရှိကြောင်း မန္တလေးမြို့တော်စည်ပင်က ခန့်မှန်းထားပြီး ၂၀၁၈ခုနှစ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ခွေးကိုက်ခံရသည့် ပြင်ပလူနာ ၅၆၉၀ဦးနှင့် ၂၀၁၉ ပထမသုံးလအတွင်း ခွေးကိုက်လူနာ (၁၂၂၈) ဦး ရောက်ရှိခဲ့ကြောင်း စည်ပင်သာယာမှ သတင်းထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ခွေးများကို စနစ်တကျ လိုင်စင်ပြုလုပ်ကာ မွေးမြူစေမည့်အပေါ် ကြိုဆိုကြောင်း မန္တလေးမြို့ခံ ချမ်းအေးသာစံမြို့နယ်နေ ခွေးမွေးမြူသူတစ်ဦးဖြစ်သည့် ကိုသူရအောင်က ပြောသည်။

“ခုလိုလုပ်ပေးတဲ့အတွက် ပိုပြီူတော့ Save ဖြစ်တာပေါ့။ ကျွန်တော်တို့ အရင်တုန်းကဆိုရင် အိမ်ထဲက အိမ်အပြင်တောင် မထုတ်ရဲဘူး။ တခါတလေ ခိုးခံရတာတွေ ပျောက်တာတွေ ရှိတယ်။ ခုလိုသူတို့က လုပ်ပေးတဲ့ခါကျ တကယ်လို့ ပျောက်သွားခဲ့ရင် IDကဒ်လိုဖြစ်တဲ့အတွက် ပြန်ရှာရတာ လွယ်ကူမယ်ဆိုရင်တော့ပိုပီးအဆင်ပြေတာပေါ့။ တရားဝင်ဖြစ်သွားတဲ့အတွက် ပျောက်သွားလို့ တစ်ယောက်ယောက်ဆီ သွားရောင်းရင်တောင်မှ IDကဒ်ရှိတဲ့အတွက် စည်ပင်ကိုအကြောင်းကြားမယ်ဆိုရင် စည်ပင်ကလည်း ပြန်ပြီး တစ်ခုခုတုန့်ပြန်ပေးရင်တော့ ကောင်းတာပေါ့”ဟု ၎င်းက ဆိုသည်။

မှတ်ပုံမတင်သည့် ခွေးများနှင့်ပတ်သက်၍ မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို မဆုံးဖြတ်ရသေးဘဲ ခွေးလေခွေးလွင့်အဖြစ် သတ်မှတ်ရှင်းလင်းဖွယ်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *