မန္တလေးမှာ တခောတ်ဆန်းလာတဲ့ ဇိမ်ခံလက်ဖက်ရည်ဆိုင် (Luxury Teashop) ယဉ်ကျေးမှု

ရိုက်ကူး-ကိန်းခ၊ ထုတ်လုပ် – ကိုတီဂျေ

မန္တလေးမြို့ရဲ့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုက ဒီနှစ်ပိုင်းအတွင်း သိသိသာသာ ပြောင်းလဲလာပြီး အဆောက်အဦးကြီးတွေမှာ ခမ်းခမ်းနားနား ဖွင့်လှစ်ရောင်းချတဲ့ ဇိမ်ခံလက်ဖက်ရည်ဆိုင် (Luxury Teashop) အသွင် ဖြစ်လာပါတယ်။

လက်ဖက်ရည်ဆိုင်ဆိုပေမယ့် အဲကွန်းခန်းတွေ၊ အစည်းအဝေးခန်းတွေ၊ ကြိမ်ကုလားထိုင်တွေ၊ စတီးကုလားထိုင်တွေနဲ့အတူ အဆောက်အဦးကြီးတွေမှာ ဖွင့်လှစ်ရောင်းချလာကြပြီး ခုံပုလေးတွေနဲ့ လမ်းဘေးတဲလေးတွေမှာ ရောင်းချတဲ့ မည်ကာမတ္တ လက်ဖက်ရည်ဆိုင်မျိုး မဟုတ်တော့ပါဘူး။

ဒီနှစ်ပိုင်းအတွင်း မန္တလေးမှာ ဓါတ်လှေကားပါတဲ့ အဆောက်အဦးကို လက်ဖက်ရည်ဆိုင်အဖြစ် ဖွင့်လှစ်ရောင်းချတာတွေအထိ ရှိလာပါတယ်။

တချို့လက်ဖက်ရည်ဆိုင်တွေမှာတော့ အခမဲ့တိုက်တဲ့ ရေနွေးကြမ်းတောင်မှ အိမ်တိုင်း မသုံးနိုင်တဲ့ လက်ဖက်ခြောက်တွေ သုံးပြီး စားသုံးသူကို ဆွဲဆောင်ကြပါတယ်။

ဆိုင်ကယ်တွေ၊ ကားတွေ ရပ်နားဖို့ နေရာကျယ်ကျယ်ဝန်းဝန်းရှိသလို စားသောက်ဆိုင်လေးတွေမှာတောင် မရနိုင်သေးတဲ့ ဝန်ဆောင်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ အရသာရှိမှုတို့နဲ့အတူ တကယ်ကို အဆင့်မြင့်မြင့် ရှိလာလာပါတယ်။

အဲ့ဒီလို အဆောက်အဦး ခမ်းနားတာ၊ နေရာအကွက်အကွင်းကောင်းတာနဲ့ ဝန်ဆောင်မှုတွေကြောင့်ပဲ တချို့ဆိုင်တွေမှာတော့ လက်ဖက်ရည်တစ်ခွက်ရဲ့ ဈေးနှုန်းက ဘီယာတစ်ခွက်ထက် ဈေးပိုကြီးနေတတ်တာမျိုးလည်း ရှိပါတယ်။

မန္တလေးမြို့ရဲ့ ပြောင်းလဲလာတဲ့ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုအကြောင်း Mandalay In-depth News ပရိတ်သတ်တွေအတွက် ရိုက်ကူးတင်ဆက်ထားပါတယ်။

#လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု#Luxury_Teashop_Mandalay#Mandalay_Indepth_News

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်