About Us

Mandalay In-depth News သည် တရားဝင်မှတ်ပုံတင်ထားသည့် သတင်းဌာနဖြစ်ပြီး မန္တလေးမြို့တွင် အခြေစိုက်သည်။ လူငယ်သတင်းသမားများ ဦးဆောင်သည့် Mandalay In-depth သတင်းခန်းသည် တိကျမှန်ကန်သော ဘက်မလိုက်မျှတသော သတင်းများ ရေးသားတင်ဆက်သည်။ သတင်းမီဒီယာကျင့်ဝတ်ကို လေးစားလိုက်နာကာ အများပြည်သူသိသင့်သိထိုက်သည့် အကြောင်းအရာများကို နက်နက်နဲနဲ စုံစမ်းဖော်ထုတ်သည့် သတင်းများ၊ သတင်းဆောင်းပါးများ၊ ရုပ်သံသတင်းများကိုလည်း ရေးသားထုတ်လုပ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင်း စုံစမ်းထောက်လှမ်း သတင်းရေးသားခြင်းပညာ ပိုမိုထွန်းကားပြန့်ပွားစေရန် (To Promote Investigative Journalism in Central Myanmar)၊ ကိုယ်စားပြုခံရမူနည်းပြီး အသံမဲ့နေသော ပြည်သူများ၏ အသံကို ထုတ်ဖော်ပေးနိုင်ရန် (To Amplify the Voice of the Voiceless)နှင့် ကိုးကွယ်ယုံကြည်ရာ ဘာသာဝါဒမတူညီသော်လည်း ရပ်ရွာလူထုကြား အပြန်အလှန် စိတ်ရှည်သီးခံမူနှင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မူကို လေးစားတန်ဘိုးထားမူ မြင့်တင်ပေးရန် (To Defend Freedom of Religions and Beliefs and To Promote Tolerance among Citizens) ရည်ရွယ်ကာ Mandalay In-depth News ကို တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။Mandalay In-depth News သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို စောင့်ကြည့် ထိန်းကျောင်းနိုင်သော ဒေသတွင်း လွတ်လပ်အားကောင်းသည့် သတင်းမီဒီယာအဖွဲ့အစည်းအဖြစ် ရပ်တည်မည်။