သူတို့ သေဆုံးသွားကြသည့်အခါ

By – ရဲမိုး

န့တစ်နေ့ရဲ့ အစကိုလက်ဖက်ရည်တစ်ခွက်၊ သတင်းစာ တစ်စောင်နဲ့ အရသာရှိရှိ စတင်ရတဲ့ အလေ့အထကို အနာဂတ်မှာ ကျွန်တော်တို့ လွမ်းဆွတ်ကောင်း လွမ်းဆွတ်ရပါလိမ့်မယ်။ လူသား တို့ရဲ့ သမိုင်းမှာ အကြီးမြတ်ဆုံး တီထွင်ဖန်တီးမှုတစ်ခုဖြစ်တဲ့ ပုံနှိပ်သတင်းစာများဟာ ချောက်ချား စရာကောင်းတဲ့ အပြောင်းအလဲ အချိန်ကို ရင်ဆိုင်နေရပါပြီ။

မနက်ဆွေးနွေးမှာက တော့ ပုံနှိပ်သတင်းစာများ သေ ဆုံးလာမှုနဲ့ လူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှုပဲ
ဖြစ်ပါ တယ်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်း ကစပြီး ကမ္ဘာအနှံ့အပြားမှာ ပုံနှိပ် သတင်းစာများ စတင်ရပ်နားလာ ကြပါတယ်။ လူတွေက သတင်း အချက်အလက်ကို မရယူကြ တော့တာမဟုတ်ပါဘူး။ နည်းပညာနဲ့ ဘဝနေထိုင်မှုပုံစံအသစ်

လွတ်လပ်တဲ့ သတင်းစာ တစ်စောင် သေဆုံးသွားတာဟာ ပြည်သူ့အခွင့်အရေးကို အကာအ ကွယ်ပေးတဲ့ တံတိုင်းတစ်ခုပြိုလဲ သွားတာ ဖြစ်ပါတယ်။

တွေက သတင်းအချက်အလက်ရ ယူတဲ့ နည်းလမ်းကို ပြောင်းလဲခဲ့ တာပါ။

မြန်နှုန်းမြင့် အင်တာနက်၊ မို ဘိုင်းဖုန်းများ ပေါက်ကွဲထွက်လာ မှုနဲ့ ကေဘယ်တီဗီယဉ်ကျေးမှုများ က ပုံနှိပ်သတင်းစာများကို ဒိုင်နို ဆောများနောက်ကိုလိုက်ဖို့ ဖိအားပေးလာခဲ့တာပါ။မွနျနှုနျးမွင့ျ အငျတာနကျ၊ မို ဘိုငျးဖုနျးမြား ပေါကျကှဲထှကျလာ မှုနဲ့ ကဘေယျတီဗီယဉျကြေးမှုမြား က ပုံနှိပျသတငျးစာမြားကို ဒိုငျနို ဆောမြားနောကျကိုလိုကျဖို့ ဖိအားပေးလာခဲ့တာပါ။

သတင်းစာတစ်စောင် ရပ် တန့်သွားမှုကို စောင့်ကြည့်တဲ့ Paper Cuts အဖွဲ့ရဲ့ အဆိုအရ အမေရိကန်ပြည်ထောင်စုတစ်ခု တည်းမှာ ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၀ အကြား သတင်းစာ ၁၆၆ စောင် ရပ်တန့်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ သတင်းထောက် ၃၀,၀၀၀ ကျော် အလုပ်ပြုတ်ခဲ့ရ ပါတယ်။ ဒါပေမဲ့ သတင်းစာတစ် စောင် ရပ်တန့်မှုဟာ အယ်ဒီတာ တွေ၊ သတင်းထောက်တွေရဲ့ အ လုပ်အကိုင်ပြဿနာတစ်ခုတည်း မဟုတ်ပါဘူး။ ဒီထက်ကြီးမား လေးနက်တဲ့ အန္တရာယ်က နောက် ဆက်တွဲပါလာနေပါတယ်။

၂၀၀၆ ခုနှစ်မှာ Pew Res-earch Centre အတွက် ကမ္ဘာ ကျော်သတင်းစာဆရာ တွမ်ရိုဆန်တဲလ်ခေါင်းဆောင်ပြီး သတင်းစာ များရဲ့ အခန်းကဏ္ဍကို သုတေ သနပြုလုပ်ခဲ့ပါတယ်။ သုတေ သနပြုချက်အရ သတင်းစာတစ် စောင်ဟာ နေ့စဉ်သတင်းပုဒ်ရေ ၇၀ ခန့်ကို ထုတ်လုပ်ပေးနေပါ တယ်။ အားကစားနဲ့ ဖက်ရှင် ကဏ္ဍများပါ ထည့်သွင်းမယ်ဆို ရင်တော့ သတင်းအပုဒ်ရေ ၁၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ ရုပ် သံဌာနတစ်ခုရဲ့ နာရီဝက်ကြာ သတင်းတင်ဆက်မှုကတော့ အ များဆုံးသတင်း ၁၂ ပုဒ်သာ ပါဝင် တယ်လို့ ဆိုပါတယ်။ ဒါတင်မက ပဲ ရုပ်သံများရဲ့ တင်ဆက်မှုဟာ များသောအားဖြင့် ရာဇဝတ်မှု၊ မီး လောင်မှုနဲ့ ယာဉ်တိုက်ခိုက်မှုလို သတင်းများကိုသာ ဦးစားပေးဖော် ပြတယ်လို့ အစီရင်ခံစာက ဆိုပါ တယ်။

အစီရင်ခံစာရဲ့ တွေ့ရှိချက် နောက်တစ်ခုက သတင်းများကို ဖော်ထုတ်ရာမှာ သတင်းစာများ က အရင်စုံစမ်းဖော်ထုတ်ပြီးမှ ရုပ် သံများက နောက်ကလိုက်တယ် လို့ ဆိုပါတယ်။ သတင်းများကို တင်ဆက်ရာမှာလည်း ပုံနှိပ် သတင်းစာများက ပိုပြီးနက်နက် နဲနဲဖော်ပြကြတယ်လို့ သုတေသန တွေ့ရှိချက်က ဖော်ပြပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ နောက်ထပ်လေ့လာမှုတစ်ခုကို Journal of Law, Economics, and Organization က ၂၀၀၃ မှာ ဖော်ပြခဲ့ပါတယ်။ သူတို့ရဲ့ လေ့ လာမှုကတော့ သတင်းစာများရဲ့ စောင်ရေအရေအတွက်နဲ့ လာဘ် စားမှုအကြားက ဆက်နွှယ်မှုကို သုတေသနပြုကြည့်တာ ဖြစ်ပါ တယ်။ ကြောက်စရာကောင်းတဲ့ တွေ့ရှိချက်ကတော့ သတင်းစာ များ စောင်ရေကျသွားတိုင်း တိုင်း ပြည်ဟာ လာဘ်စားမှုမြင့်တက် လာတယ်ဆိုတဲ့ အချက်ဖြစ်ပါ တယ်။ ဒီအဖြေရလဒ်ဟာ တခြား နိုင်ငံများမှာသာမဟုတ်ဘဲ အမေ ရိကန်ပြည်ထောင်စုမှာလည်း အ တူတူပဲ ဖြစ်ပါတယ်။

စီးပွားရေး ပညာရှင်သုံး ယောက်က ၂၀၀၆ ခုနှစ်မှာ ပြု လုပ်ခဲ့တဲ့ သုတေသနမှာတော့ အမေရိကန်ပြည်ထောင်စုမှာ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစော ပိုင်းမှာ လာဘ်စားမှုသိသိသာသာ ကျဆင်းမှုဟာ အဲဒီအချိန်တွေမှာ သတင်းစာများအရေအတွက် များပြားလာမှုကြောင့်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ထင်ရှားတဲ့ ပူလစ်ဇာဆုရ ပါမောက္ခပေါလ်စတား က ‘‘သတင်းစာများ၏ ခေတ်ကို နှုတ်ဆက်ခြင်း၊ လာဘ်စားမှုခေတ်သစ်ကို ကြိုဆိုခြင်း’’လို့ ရေးသားခဲ့ ပါတယ်။

ပြည်သူလူထုရဲ့ အခွင့်အ ရေးတွေကို ကာကွယ်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တရားရုံး၊ လက်နက်ကိုင်တပ်ဖွဲ့များနဲ့ စီးပွား ရေးကော်ပိုရေးရှင်းကြီးများကို အငြိုငြင်ခံ၊ အတိုက်အခိုက်ခံပြီး စောင့်ကြည့်ပေးတဲ့ အလုပ်ကို ပုံနှိပ်သတင်းစာများက တပ်ဦးမှာ လုပ်ပေးနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအရေးကြီးတဲ့အလုပ်ကို လုပ်နေကြသူတွေရဲ့ ရပ်တည်မှုဟာ ခြိမ်းခြောက်ခံနေရပါပြီ။

၂၀၁၆ ခုနှစ်အတွက် CareerCast အဖွဲ့ကြီးရဲ့ အစီရင်ခံစာအ ရ သတင်းစာဂျာနယ်လစ်အလုပ် ဟာ အဆိုးရွားဆုံးအလုပ်အဖြစ် တွေ့ရှိရပါတယ်။ အသက်မွေး ဝမ်းကျောင်း ၂၀၀ ကို စစ်တမ်း လုပ်တဲ့အခါ ဂျာနယ်လစ်များက အဆင့် ၂၀၀ ချိတ်ပါတယ်။ စစ် တမ်းမှာ တိုင်းတာတာကတော့ လုပ်ငန်းပတ်ဝန်းကျင်၊ စိတ်ဖိစီးမှု နဲ့ အလုပ်ရနိုင်ခြေ အခွင့်အလမ်း ဆိုတဲ့ အချက်သုံးချက်နဲ့ တိုင်းတာ တာဖြစ်ပါတယ်။

သတင်းစာ ဂျာနယ်လစ် အ ပေါ်မှာ အဆင့် ၁၉၉ နဲ့ ရှိနေသူ ကတော့ သစ်ခုတ်သမား ဖြစ်ပါ တယ်။ သစ်တောများ ရှားပါးလာ မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါ တယ်။

ပုံနှိပ်သတင်းစာများ သေ ဆုံးလာမှုဟာ မြန်မာနိုင်ငံမှာ ပိုပြီး စိုးရိမ်စရာကောင်းပါတယ်။ ပြည် သူတွေကို သတင်းအချက်အလက်ပေးပို့ဖို့အတွက် တခြားရွေး စရာ နည်းလမ်းသိပ်မရှိလို့ပါ။ လက်ဖဝါးပြင်ပေါ်က မိုဘိုင်းဖုန်း ပေါ်မှာ သတင်းကို အသင့်ဖတ်ဖို့ အတွက် ငွေနဲ့အချိန်ကုန်ကျမှုများ တဲ့ သတင်းပေးပို့မှုကို သတင်းစာ ဆရာတွေ အိတ်စိုက်ပြီး မလုပ်နိုင် ကြပါဘူး။ I Pad မဝယ်နိုင်တဲ့ မြန်မာပြည်သူအများစုကလည်း လက်ဖဝါးအရွယ်ရှိတဲ့ ဖုန်းထဲမှာ နက်နက်နဲနဲ ရေးသားဖော်ထုတ် ထားတဲ့ သတင်းဆောင်းပါးရှည် ကို ဖတ်နိုင်မှာ မဟုတ်ပါဘူး။ ရေ ဒီယိုနဲ့ ရုပ်မြင်သံကြား မီဒီယာများ ကလည်း မြန်မာ့နည်း မြန်မာ့ဟန် လက်ဝါးကြီးအုပ်စနစ်က ရုန်း မထွက်နိုင်သေးပါဘူး။ အစိုးရသစ်ကလည်း နိုင်ငံပိုင် နေ့စဉ်သတင်း စာများကို လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ ပုဂ္ဂလိကသတင်းစာများ ဖြစ်အောင် မပြောင်းလဲသေးပါ ဘူး။ အားသာချက် များစွာနဲ့ သတင်းစာဈေးကွက်ကို ချုပ်ကိုင် ထားဆဲပါပဲ။

သတင်းစာဆရာ တစ်ယောက်သူ့အလုပ်ကို ဆုံးရှုံးခြင်း ဟာ လူ့အဖွဲ့အစည်းအတွက် တော့ တိုက်ပွဲဝင်သူရဲကောင်းတစ် ဦးကို ဆုံးရှုံးရခြင်းဖြစ်ပါတယ်။ သတင်းစာတစ်စောင် သေဆုံးခြင်းကတော့ လူ့အဖွဲ့အစည်းကို အကာအကွယ်ပေးတဲ့ မဟာတံ တိုင်းတစ်ခု ပြိုလဲခြင်းပါ။ သတင်း စာတစ်စောင်ရဲ့ သက်တမ်းနဲ့ ဒီမို ကရေစီရဲ့ သက်တမ်းဟာ တိုက် ရိုက်အချိုးကျပါတယ်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှာ ရပ်တန့်လိုက်ရတဲ့ သက်တမ်း ၁၅၀ နှစ်ရှိ Rocky Mountain News သတင်းစာက တော့ သူ့စာဖတ်ပရိသတ်ကို အခု လို နှုတ်ဆက်ခဲ့ပါတယ်။

‘‘ကျွန်တော်တို့ ဝမ်းနည်းရပါ တယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့မှာ ဖော်ထုတ်စရာတွေ အ များကြီးရှိနေသေးလို့ပါ။ ဒါပေမဲ့ ဒီအလုပ်တွေကို မလုပ်နိုင်တော့ ပါဘူး’’

ကျွန်တော်တို့ရဲ့ မနက်ခင်း တွေကို လက်ဖက်ရည်တစ်ခွက်၊ သတင်းစာတစ်စောင်နဲ့ ဆက် လက်စတင်နိုင်ဖို့အတွက် အားလုံးမှာ တာဝန်ရှိပါတယ်။

ထင်ရှားတဲ့ သတင်းစာ ဆရာ၊ စာရေးဆရာ လီယိုနာဒ်ပစ် ဂျူနီယာပြောသလိုပါပဲ။သတင်း စာတွေ သေဆုံးတဲ့အခါ လူလိမ် လူကောက်တွေကတော့ ငိုကြွေး မှာမဟုတ်ပါဘူး။

ယခုဆောင်းပါးက သူတို့အ တွက် မရည်ရွယ်ပါဘူး။ ယုံကြည် ချက်ရှိရှိ၊ သတ္တိရှိရှိနဲ့ အလုပ်လုပ် နေကြသူ သတင်းစာဆရာများကို သာ ရည်ရွယ်ပါတယ်။

ပြည်သူများအတွက်တော့ နောက်တစ်ကြိမ် သတင်းစာတစ် စောင် ရပ်စဲလိုက်ပြီလို့ ကြားရင်ဘယ်သူ့အတွက် ထိုးတဲ့ခေါင်းလောင်းသံလဲလို့ မေးစရာမလိုတော့ပါ။ ကိုယ့်အတွက်ထိုးတဲ့ ခေါင်းလောင်းသံသာ ဖြစ်ပါတယ်။ ။

-Ref: 7Day News, Monday, July 18, 2016

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်