သမိုင်းကိုကြိုရေးခြင်း


နိုင်ငံတော်သမ္မတဦးသိန်း စိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တို့ရဲ့လက်ထဲမှာ စာအုပ်တစ် အုပ်ရှိနေပါတယ်။ စာအုပ်ရဲ့ အမည်ကတော့ ‘၂၁ ရာစုမြန်မာ့ သမိုင်း’ပဲဖြစ်ပါတယ်။ စာအုပ်ထဲ မှာတော့ ဗလာစာမျက်နှာများသာ ပါဝင်ပါတယ်။ စာလုံးတွေကို တော့ နိုင်ငံတော်သမ္မတနဲ့ ကာ ကွယ်ရေးဦးစီးချုပ်တို့ကရေးထည့် ကြရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်သမိုင်းကိုပုံဖော်ဖို့ အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်။

ယခုလ ၁၀ ရက်က လူမှုမီဒီယာဖေ့စ်ဘွတ်ခ်မှာ နိုင်ငံသား တစ်ဦးက အခုလိုရေးသားခဲ့ပါတယ်။

‘‘ဒီအဖြေဟာ ၂၀၁၅ ရွေး ကောက်ပွဲရလဒ် သက်သက်မ ဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည် သူလူထုတွေရင်ထဲမှာ ဒီမိုကရေစီ ကိုလိုလားမှုဆိုတဲ့ မျှော်လင့်ချက် ဘယ်လောက်နက်ရှိုင်းစွဲမြဲခိုင်မာ သလဲဆိုတာပြလိုက်တဲ့ ပြယုဂ်ပါ ပဲ။ ၂၇ နှစ်တိုင်တိုင် ခိုင်ခိုင်မာမာ မပြောင်းမလဲဆုပ်ကိုင်ထားခဲ့တဲ့ ဆန္ဒပါ’’

မြန်မာ့နိုင်ငံရေးသမိုင်းဟာ Epic လို့ခေါ်ရလောက်အောင် ကြမ်းတမ်းရှည်လျားလွန်းတဲ့ ခရီး တစ်ခုဖြစ်ပါတယ်။ ဒီခရီးကြမ်း ကြီးမှာ လူတွေအများကြီး အသက်ပေးခဲ့ကြရတယ်။ ဘဝတွေလည်း အများကြီးပျက်စီးခဲ့ကြရပါတယ်။ ဒါပေမဲ့ ၁၀ စုနှစ်တွေကြာတဲ့အထိ မပျောက်မပျက်ဘဲ ကျန်ရစ်နေ တာကတော့ ပြည်သူတွေရဲ့ဒီမို ကရေစီကိုလိုလားတဲ့မျှော်လင့် ချက်ဖြစ်ပါတယ်။ ပြောရရင် ဒီ ဆန္ဒဟာ ပိုမိုပြင်းပြလာတယ်လို့ တောင်ဆိုရပါမယ်။

အခုအချိန်မှာ ဒီဆန္ဒတွေကို ပြည့်ဝစေဖို့အတွက် လိုအပ်ချက် ကတော့ တကယ်စစ်မှန်ပြီးပွင့် လင်းတဲ့ ဆွေးနွေးညှိနှိုင်းမှုကို အ စိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ ရွေးကောက်ပွဲအနိုင်ရတဲ့ အတိုက်အခံတို့ကြားမှာ ပြုလုပ်ဖို့ပဲဖြစ်ပါ တယ်။

နိုဝင်ဘာ ၁၁ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတဦး သိန်းစိန်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ထောင်စု လွှတ်တော်နာယကသူရဦးရွှေမန်းတို့ဆီကို တွေ့ဆုံဖို့အတွက် စာ တစ်စောင်စီပေးပို့ခဲ့ပါတယ်။

‘အမျိုးသား ပြန်လည်သင့် မြတ်ရေးသဘောထား ကိုအခြေခံပြီး’   တွေ့ဆုံချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က စာထဲမှာရေးသား ထားပါတယ်။ နာရီပိုင်းအတွင်းမှာပဲနိုင်ငံတော်သမ္မတကို ကိုယ်စားပြုပြီး ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အကြောင်းပြန်ခဲ့ပါတယ်။ သမ္မတ ကိုယ်စား သူ့ရဲ့ပြန်ကြားမှုမှာ ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းအောင် ပူးပေါင်းဆောင်ရွက်တဲ့အတွက်ကျေးဇူးတင်ကြောင်း၊   အင်န်အယ်လ်ဒီရဲ့ ဦးဆောင် အနိုင်ရနေမှုအပေါ် ဂုဏ်ပြုကြောင်း၊မဲဆန္ဒရှင်တွေရဲ့ အဆုံးအဖြတ်ကို လေးစားလိုက်နာပြီး သတ်မှတ်ချိန် အတိုင်း အေးချမ်းတည်ငြိမ်စွာလွှဲပြောင်းနိုင်ရန်ဆောင်ရွက်မည် ဖြစ်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေး ရေးကို ရွေးကောက်ပွဲကော်မရှင် ရဲ့လုပ်ငန်းများပြီးဆုံးတဲ့အခါ နှစ်ဖက်ညှိနှိုင်းပါမယ်လို့ ဖော်ပြခဲ့ပါတယ်။

၂၇ နှစ်ကြာအောင် ဆုပ် ကိုင်ထားတဲ့ ဆန္ဒတွေပြည့်ဝဖို့ အတွက် ခြေလှမ်းအနည်းငယ်သာ လိုတော့မှာပါ။ ဒီအချိန်မှာအရေး ကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချရ မယ့် နိုင်ငံတော်သမ္မတနဲ့ ကာ ကွယ်ရေးဦးစီးချုပ်တို့ဟာ တစ် ချိန်မှာ သမိုင်းဆရာတွေကသူတို့ ကို ဘယ်လိုမှတ်တမ်းတင်မယ်ဆို တာကို ဆုံးဖြတ်ကြရမှာ ဖြစ်ပါ တယ်။

ပြောရရင် အနာဂတ်သမိုင်း မှာ ပြည်သူတွေကို လွတ်လပ်ခွင့် ပေးခဲ့တဲ့ လူထုသူရဲကောင်းတွေ အဖြစ် မှတ်တမ်းဝင်ဖို့အချိန်ကို ရောက်ရှိလာပါပြီ။ ဗလာစာမျက် နှာတွေနဲ့ သမိုင်းစာအုပ်ဟာ နိုင်ငံ တော်သမ္မတဦးသိန်းစိန်နဲ့ ကာ ကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ လက်တွေ ထဲမှာရှိနေပါပြီ။

 သူတို့ရေးမယ့်သမိုင်းစာ အုပ်ထဲမှာ အခန်းအများအပြားပါ မှာဖြစ်ပါတယ်။ ‘၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအပြီး ညင်သာချောမွေ့သောကူးပြောင်း  မှု’ဆိုတဲ့ အခန်းလည်းပါဝင်မှာဖြစ်ပြီး ‘နှစ် ပေါင်း ၆၀ ကျော်ကြာရှည်ခဲ့သည့် ပြည်တွင်းစစ်ကိုရပ်စဲခြင်း’ ဆိုတဲ့ အခန်းလည်းပါဝင်မှာဖြစ် ပါတယ်။ အရေးကြီးဆုံး အခန်းတစ်ခန်းကတော့ ‘ငြိမ်းချမ်းညင် သာစွာ ပြောင်းလဲနိုင်သော မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပုံစံသစ်ကို နိုင်ငံတကာကလေ့ လာကြခြင်း’ဆိုတဲ့အခန်းပဲဖြစ်ပါတယ်။

 တကယ်လည်း မြန်မာ့ အပြောင်းအလဲဟာ နိုင်ငံတကာ မှာ နမူနာကောင်းတစ်ခုဖြစ်လာဖို့ အတွက် နီးစပ်လာခဲ့ပါပြီ။ ပြန် ကြားရေးဝန်ကြီးဦးရဲထွဋ်ကတစ် ဆင့် အကြောင်းပြန်ကြားချက်မှာ နိုင်ငံတော်သမ္မတက သဘော ထားကြီးမှုနဲ့ ကတိသစ္စာထိန်းသိမ်းမှုတွေကိုဖော်ပြခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ကလည်း နေပြည် တော်မှာမဲပေးအပြီး မီဒီယာများ ကို တွေ့ဆုံရာမှာ ‘ပြည်သူကရွေး ချယ်တာပဲ ကျွန်တော်တို့ဘာမှ လက်မခံနိုင်စရာ အကြောင်းမရှိ ဘူး’လို့ပြောကြားခဲ့ပါတယ်။ ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကလည်း အာဃာတ မထားဘဲ အားလုံးနဲ့လက်တွဲလုပ် သွားမယ်လို့ ကတိပေးခဲ့ပြီးပါပြီ။

ရွေးကောက်ပွဲကော်မရှင်ရဲ့ အလုပ်တွေပြီးစီးပြီး ခေါင်းဆောင် တွေတွေ့ဆုံကြတဲ့အခါ နှစ်ပေါင်း များစွာစောင့်ဆိုင်းနေခဲ့ကြရတဲ့ ပြည်သူတွေရဲ့ဆန္ဒကို အကောင် အထည်ဖော်ကြဖို့ပါ။

မြန်မာပြည်သူတွေဟာ ချမ်း ချမ်းသာသာ ထည်ထည်ဝါဝါနေ ထိုင်ရတဲ့ဘဝတွေကို တပ်မက် လွန်းလှတာမဟုတ်ပါဘူး။ ပြည် တွင်းစစ်မီးတောက်လောင်နေပြီး အကြောက်တရားနဲ့ နေထိုင်ရတဲ့ ဘဝက လွတ်မြောက်ချင်တာဖြစ် ပါတယ်။ ညီညီညွတ်ညွတ်နဲ့ အသစ်ကပြန်စမယ့် အခြေအနေ ကို လိုချင်တာဖြစ်ပါတယ်။ လူ တန်းစေ့တဲ့ပညာရေးကိုလိုချင် တာဖြစ်ပါတယ်။ အခြေခံကျန်းမာ ရေးစောင့်ရှောက်မှုကိုလိုချင်တာ ဖြစ်ပါတယ်။ အလုပ်အကိုင် အ ခွင့်အလမ်းကို လိုချင်တာဖြစ်ပါ တယ်။

အဲဒီဆန္ဒတွေကိုဖြည့်ဖို့ အ တွက် နောက်ထပ် ၁၀ စုနှစ် တစ်ခု ထပ်မစောင့်ချင်တော့ပါဘူး။ အခုအခြေအနေဟာ ရှုံးသူ မရှိဘဲ အားလုံးအနိုင်ရဖို့အတွက် တစ်ခုတည်းသောအခြေအနေ ဖြစ်ပါတယ်။

  လက်ရှိ အစိုးရအတွက် သမိုင်းမှာ အပြောင်းအလဲကို အချောမွေ့ဆုံးကိုင်တွယ်သွားနိုင် သူအဖြစ် ဂုဏ်သိက္ခာကစောင့် စားနေပါတယ်။ တပ်မတော် အတွက်တော့ ပြည်သူတွေရဲ့ နှလုံးသားထဲကို ပြန်လည်ဝင် ရောက်ဖို့အတွက် တံခါးကပွင့် လျက်ရှိနေပါတယ်။

အနာဂတ်မှာ ရင်ဆိုင်ရမယ့် ပြဿနာတွေကိုတော့ အစိုးရသစ် က ကိုင်တွယ်ဖြေရှင်းရမှာပါ။ အခု အချိန်မှာ အရေးကြီးဆုံးကတော့ထိပ်ပိုင်းခေါင်းဆောင်တွေ ကြားမှာ စစ်မှန်ပွင့်လင်းတဲ့ စကားပြောဆိုဆွေးနွေးမှုဖြစ်ပါတယ်။ ဒီစကားပြောဆိုဆွေးနွေးမှုကို ၂၇ နှစ်ကြာအောင် သိမ်းဆည်းထား တဲ့ဆန္ဒတွေကို ဆုပ်ကိုင်ပြီး ပြည် သူတွေကစောင့်ကြည့်နေကြမှာ ပါ။

နောက်ဆုံးတော့ အားလုံး မျှော်လင့်နေတာတွေ ပြည့်ဝလာ မှာပါ။ နယ်လ်ဆင်မန်ဒဲလားနဲ့ လက်တွဲပြီး တောင်အာဖရိက အကူးအပြောင်းကို ဦးဆောင်ခဲ့သူ နိုဗယ်ဆုရှင်နဲ့ သမ္မတဟောင်း အက်ဖ်ဒဗလျူဒီကလက်ပြောခဲ့ သလိုပါပဲ။

‘သွေးထွက်သံယိုမှုတွေကို အဆုံးသတ်ဖို့အချိန်တန်ပါပြီ။ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန် လည်သင့်မြတ်ရေးကိုစတင်ဖို့ အချိန်ရောက်ပါပြီ’

ပြည်သူများကတော့ တာဝန် ကျေပွန်စွာ မဲထည့်ပြီးကြပါပြီ။ အနာဂတ်သမိုင်းစာအုပ်ကတော့ နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ရှေ့မှာဖွင့်လျက်ရှိနေ ပါတယ်။ ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်