နိုင်ငံရေးဆိုတာ ဘာလဲ

ကလေးက သူ့အဖေကို မေးသည်။

အဖေက ကလေးနားလည် နိုင်အောင် ဘယ်လိုဖြေရမည်ဆို တာကို သေသေချာချာစဉ်းစား သည်။ ပြီးတော့ ဖြေသည်။

‘‘သားကို ဖေဖေဥပမာပေး ပြီး ဖြေမယ်’’ ကလေးမျက်ဝန်းမှာ စူးစမ်းမှုများဖြင့် လင်းလက်နေ သည်။

‘‘ဖေဖေတို့ အိမ်မှာ ဖေဖေက ငွေရှာတဲ့သူမဟုတ်လား။ ဒါကြောင့်ဖေဖေ့ကို အရင်းရှင်လို့ ဆိုပါစို့’’ ကလေးစိတ်ဝင်စားစွာ နားထောင် နေသည်။ ‘‘ဒါပေမဲ့ ရလာတဲ့ ငွေကို မေမေက စီမံခန့်ခွဲတယ်။ ဒါ ကြောင့် မေမေ့ကို အစိုးရလို့ ပြော ရမယ်။ ဖေဖေတို့ မေမေတို့က သားကို ဂရုစိုက်ရတယ် မဟုတ် လား။ ဒါကြောင့်သားကိုတော့ ပြည်သူလို့ ခေါ်ရမှာပေါ့။ ဖေဖေ တို့ အိမ်မှာ အလုပ်လုပ်တဲ့ နာနီကို တော့ အလုပ်သမားလူတန်းစား လို့ ပြောရမယ်သားရဲ့။ ဟိုမှာ သားညီလေးကို အနှီးထုပ်ထဲမှာ တွေ့ တယ်မဟုတ်လား။ သူကတော့ ဖေဖေတို့ရဲ့ အနာဂတ်ပေါ့’’။

ကလေးနည်းနည်း ခေါင်းရှုပ်သွားသည်။ အဖေက ဆက်ပြော သည်။

‘‘သား ဖေဖေပေးတဲ့ ဥပမာ ကို သေသေချာချာ စဉ်းစားကြည့်။မနက်ဖြန်ကျရင် သားနားလည်သ လို ဖေဖေ့ကို ပြန်ရှင်းပြ’’

ကလေးက သူ့အဖေပေး သည့် ဥပမာကို တစ်နေ့လုံး၊ တစ်ညလုံးစဉ်းစားသည်။ ညဉ့်နက် သည်အထိ သူအိပ်မပျော်၊ စဉ်းစားနေဆဲ။

ထိုအချိန်မှာ သူ့ညီလေးငို သံကို သူကြားလိုက်သည်။ ညီ လေး၏ ပုခက်ကို သွားကြည့်သည့်အခါ ရှူးပေါက်ချထားပြီး သေးစို နေသည့် အဝတ်ထဲမှာ ငိုနေသည့် ညီလေးကို တွေ့ရသည်။ သူ့အ မေရှိသည့်အခန်းကို သူသွားသည်။ အမေဖြစ်သူက နှစ်ခြိုက်စွာ အိပ် မောကျနေသည်။ ဒါနှင့် သူ နာနီ ရှိသည့်အခန်းကို သွားသည်။ နာနီ့အခန်းတံခါးက ချက်ချထားသည်။သော့ပေါက်ထဲက သူချောင်း ကြည့်သည့်အခါ သူ့အဖေနှင့် နာနီအတူ အိပ်နေသည်ကို တွေ့ရသည်။ သူဘာလုပ်လို့ ဘာကိုင်ရ မှန်း မသိတော့။

မနကျမိုးလငျးတော့ သူ့အ ဖကေ ကလေးကိုမေးသညျ။ ‘‘ဖေ ဖေ မနေ့ကပေးတဲ့ ဥပမာကို သား ပွနျရှငျးပွတတျပွီလား’’။

မနက်မိုးလင်းတော့ သူ့အ ဖေက ကလေးကိုမေးသည်။ ‘‘ဖေ ဖေ မနေ့ကပေးတဲ့ ဥပမာကို သား ပြန်ရှင်းပြတတ်ပြီလား’’။

 ကလေးက ခေါင်းညိတ်သည်။ သူ့အဖေက နားထောင်နေ သည်။ ကလေးက ဥပမာကို သူ နားလည်သလို ရှင်းပြပါတော့ သည်။

‘‘အရင်းရှင်က အလုပ်သမား လူတန်းစားကို အနိုင်ကျင့်နေတဲ့ အချိန်မှာ အစိုးရက အိပ်မောကျ နေတယ်။ ပြည်သူက ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေပြီး အနာဂတ် ကတော့ သေးထုပ်ထဲမှာ နစ်နေ ပါပြီ’’။

နိုင်ငံရေးကို သရော်သည့် မြောက်မြားစွာသောဟာသများ ထဲက တစ်ခုဖြစ်သည်။ အွန်လိုင်း ပေါ်မှာ လူကြိုက်အများဆုံး ဟာ သတစ်ခုလည်း ဖြစ်သည်။ ပြည်သူနှင့် ဖိနှိပ်ခံတို့ဘက်က မရပ်တည်သည့် အစိုးရ၊ အနိုင်ကျင့်သည့် အရင်းရှင်၊ ခိုကိုးရာမဲ့သည့် ပြည်သူနှင့် လွင့်မျောသွားသည့် အနာဂတ်ကို ပုံဖော်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွက်တော့ ထိုဟာသသည် ထိရောက်မှုမရှိလှ ပါ။ မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့် နိုင်ငံရေးက အဆများစွာ ပိုမိုကြမ်းတမ်းပါသည်။ နိုင်ငံ ရေးသည် လူအများစုအတွက် ယုံ ကြည်မှုကင်းမဲ့စရာ ယန္တရားတစ်ခုဖြစ်နေသည်မှာ ကြာခဲ့ပြီ။ မြန်မာ ပြည်သူများအတွက်တော့ နိုင်ငံ ရေးဆိုသည်မှာ သေနတ်ပြောင်းဝ မှ ထွက်လာသည့် ဟိန်းဟောက် သံတစ်ခုသာ ဖြစ်သည်။

ကမ္ဘာပေါ်မှာ သနားစရာအ ကောင်းဆုံး ပြည်သူများထဲမှာ မြန်မာပြည်သူများ ထိပ်ဆုံးကပါဝင် သည်။ သဘာဝသယံဇာတအချမ်းသာဆုံးတိုင်းပြည်မှာ အဆင်းရဲဆုံးဘဝများဖြင့် နေထိုင်ကြရသည်။ မိမိကို စောင့်ရှောက်အလုပ်အကျွေးပြုရမည့် တပ်ဖွဲ့များဆီက ခြိမ်းခြောက်နှိပ်စက်မှုကို ခံခဲ့ကြရ သည်။ ပြည်သူများ၏ တောင်းဆို မှုကို၊ တည်ငြိမ်မှုကို ဖျက်ဆီးသည့် အသံအဖြစ် သတ်မှတ်သည့် အစိုးရအဆက်ဆက်ကို ဖြတ်သန်းကြရ သည်။ မြန်မာအစိုးရအဆက်ဆက်လိုချင်သည့် တည်ငြိမ်မှုသည် ဆာ လောင်မွတ်သိပ်နေသည့် ပြည်သူ များက ပါးစပ်ကိုပိတ်ပြီး အိမ်ထဲ တွင် ထိုင်နေခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

တပ်မတော်သား လေးငါး သိန်းကို ခေါင်းဆောင်ပြီး လွှတ် တော်၏ ၂၅ ရာခိုင်နှုန်းရှိသည့် ကိုယ်စားလှယ်များကို ခန့်အပ်နေ သည့် ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်လို သည့် ပြည်သူငါးသန်းကို အရေ အတွက် နည်းသေးသည်ဟု ပြော ဆိုခြင်းသည် ဟာသတစ်ခု ဖြစ် သည်။ ပြည်ထောင်စုလွှတ်တော် က အတည်ပြုခဲ့သည့် ထိပ်သီး ခြောက်ဦးတွေ့ဆုံဆွေးနွေးပွဲကို လက်မခံဟု ထပ်မံပြောဆိုခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်မည်ဟု ကြွေးကြော်ထား သည့် ဗိုလ်ချုပ်မှူးကြီးက အခြေခံ ဥပဒေအရ ဖွဲ့စည်းထားသည့် ကိုယ်စားလှယ်များ၏ အသံကို လျစ်လျူရှုခြင်း ဖြစ်သည်။ နောက် ထပ်မရယ်ရသော ဟာသတစ်ခု ဖြစ်သည်။

မြန်မာ့နိုင်ငံရေး အသွင်ပြောင်းလဲမှု၏ ဗဟိုချက်သည် တွေ့ဆုံ ဆွေးနွေးရေးသာ ဖြစ်သည်။ တွေ့ ဆုံဆွေးနွေးရေးများမှ ရလဒ်များ မြန်မြန်ဆန်ဆန်ထွက်ပေါ်လာ မည်ဟု မမျှော်လင့်ကြပါ။ သို့သော်ပြည်သူ့မျက်နှာကို ကြည့်ပြီး တွေ့ ဆုံဆွေးနွေးမှုကို ဆက်တိုက်လုပ် ဆောင်ဖို့တော့ မရှိမဖြစ်လိုအပ် သည်။ စကားပြောရဲသည့် သတ္တိ သည် သေနတ်မောင်းခလုတ်ကို ဖြုတ်ရဲသည့် သတ္တိထက် ပိုမိုကြီး မားသည်ကို ဗိုလ်ချုပ်ကြီးဟောင်း များနှင့် လက်ရှိဗိုလ်ချုပ်ကြီးများ သိဖို့ လိုအပ်ပါသည်။

အခွင့်အရေးက လက်တစ် ကမ်းမှာ ရှိနေပါသည်။ နောင် ဆယ်စုနှစ်ပေါင်းများစွာမှာ မြန်မာ့သမိုင်းကို ပြန်လေ့လာလျှင် ပြည် သူ့မျက်နှာကို ကြည့်ခဲ့သည့် အစိုး ရ၊ တပ်မတော်ကို ထိုက်တန်သည့် ဂုဏ်ပုဒ်ကို ပြန်လည်ပေးအပ်နိုင် ခဲ့သည့် ဗိုလ်ချုပ်ကြီးများအဖြစ် မှတ်တမ်းဝင်ဖို့ အချိန်ဖြစ်သည်။ အနာဂတ်သမိုင်းစာအုပ်၏ စာ မျက်နှာများက ဗလာစာရွက်များ ဖြစ်နေဆဲပါ။ ထိုစာရွက်များမှာ မှတ်တမ်းတင်မည့် စာလုံးများက တော့ ပြည်သူ့မျက်နှာကို မည်မျှ ထောက်ထားသနည်းဆိုသည့် လုပ်ရပ်များပေါ်တွင် အခြေခံပါ လိမ့်မည်။ ပြီးခဲ့သည့် နှစ် ၅၀ မှာ ဆုပ်ကိုင်ထားခဲ့သည့် မူကိုမပြင် လျှင်တော့ ခရစ်နှစ် ၂၀၃၀ တွင် ဖတ်ရမည့် မြန်မာ့သတင်းစာများ ၏ သတင်းခေါင်းစဉ်များသည် အောက်ပါအတိုင်း ဖြစ်ပါသည်။

တပ်မတော်သည် မြန်မာ့ နိုင်ငံရေးတွင် ဦးဆောင်မှုအခန်း ကဏ္ဍကပါဝင်သည်ဟု ကာချုပ်ပြောကြား

အကြိမ် (၁၀၀၀) မြောက်ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို နေပြည်တော် တွင် ပြုလုပ်

မြန်မာစစ်ပြေးဒုက္ခသည် အရေ အတွက် တစ် သန်းထိ မြင့်တက်

မြန်မာနှင့် မြောက်ကိုရီးယားကြား စစ်ရေးဆက်သွယ်မှုများရှိနေဆဲ ဟု အနောက်နိုင်ငံများ ပြောကြား

အရှေ့တောင်အာရှအတွင်း စစ် အသုံးစရိတ်အများဆုံးနိုင်ငံအ ဖြစ် မြန်မာဦးဆောင်

ခရစ်နှစ် ၂၀၃၀ မှာ ကလေးက သူ့အဖေကို နိုင်ငံရေးဆိုတာဘာလဲဟု မေးပါလိမ့်ဦးမည်။ သူ့အဖေက ဘာပြန်ဖြေရမည်ဆိုတာကို ဗိုလ်ချုပ်ကြီးများ အကြံပေးကြပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်