ကလောင်တစ်ချောင်း၏ ဝန်ထုပ်ဝန်ပိုး

လွန်ခဲ့သော ၃၇ နှစ်ကရေးသားခဲ့သည့် ဆောင်း ပါး တစ်ပုဒ်အတွက် တရားခွင်တွင် သက်သေအဖြစ် ထွက်ဆိုရမည့်သတင်းစာဆရာ များများစားစားရှိနိုင်မည်မဟုတ် ပါ။

ကမ္ဘောဒီးယားနိုင်ငံမှာ လူ နှစ်သန်းကျော်ကို မျိုးတုံးသတ် ဖြတ်မှုဖြင့် တရားစွဲဆိုခံရသည့် ကွန်မြူနစ် ခမာနီခေါင်းဆောင် များ၏ တရားခွင်ကတော့ လွန်ခဲ့ သည့် ၃၇နှစ်က ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်စီအတွက် သ တင်းစာဆရာနှစ်ဦးကိုရုံးတော်မှာ မျက်နှာချင်းဆိုင်စေခဲ့ပါတယ်။ ခမာနီခေါင်းဆောင်များကို စွဲချက် တင်သည့် တရားလိုရှေ့နေများက  အမေရိကန်သတင်းစာဆရာမအဲ လိဇဘက်ဘက်ကာကို တရားလို ပြသက်သေအဖြစ် ဖိတ်ကြားခဲ့ပြီး တရားခံရှေ့နေများကလည်း အ မေရိကန်သတင်းစာဆရာ ရစ် ချက်ဒွတ်မင်းကိုသက်သေအဖြစ် ဖိတ်ကြားခဲ့ပါတယ်။

ကလောင်တစ်ချောင်း၏ဝန် ထုပ်ဝန်ပိုးအကြောင်းကို ယခုမ နက်ဆွေးနွေးကြပါစို့။

၁၉၇၅မှာ ကွန်မြူနစ်ခမာနီ များ အာဏာရလာသည့်နောက် ပိုင်း ကမ္ဘောဒီးယားနိုင်ငံကိုကမ္ဘာ နှင့်အဆက်အသွယ်ဖြတ်ခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားများ၊ သတင်း သမားများအပါအဝင်မည်သည့် နိုင်ငံခြားသားကိုမျှနိုင်ငံအတွင်းသို့ အဝင်မခံတော့။ ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ ဘာတွေတ ကယ်ဖြစ်ပျက်နေသလဲဆိုသည့် မေးခွန်းအတွက်တိကျသော အ ဖြေရဖို့ ခက်ခဲနေသည့်အချိန်ဖြစ် သည်။

ကမ္ဘောဒီးယားနှင့်ပတ်သက် ပြီး ကြားရသမျှက နိုင်ငံအတွင်းမှ ထွက်ပြေးလာသူဒုက္ခသည် ခမာ များထံကဖြစ်သည်။ ‘‘လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ် နေသည်’’၊ ‘‘အစာရေစာမဝ၍ လူ တွေသေနေသည်’’၊ ‘‘ကျေးလက် ကအလုပ်စခန်းတွေမှာ လူတွေကို အဓမ္မ ခိုင်းစေနေသည်’’စသဖြင့် နိုင်ငံအတွင်းမှ ထွက်ပြေးလာသူများ၏ စကားသည်မည်မျှထိ မှန်ကန်နိုင်ပါသလဲဆိုသည်ကို နိုင်ငံတကာမီဒီယာများချင့်ချိန်ရန် ခက်ခဲနေခဲ့သည်။

ခမာနီအစိုးရအာဏာရပြီး သုံးနှစ်အကြာ ၁၉၇၈ မှာတော့ ကမ္ဘောဒီးယားမှာ ဘာတွေဖြစ် ပျက်နေသည်ကို ပထမဆုံး အ ကြိမ်ကမ္ဘာကသိခွင့်ရဖို့ လမ်းစ ပေါ်လာခဲ့သည်။ ခမာနီအစိုးရက သူတို့သက်တမ်းအတွင်းမှာ ပထ မဆုံးအကြိမ်အဖြစ်အမေရိကန် သတင်းစာဆရာနှစ်ဦးနှင့်ဗြိတိသျှ ပါမောက္ခတစ်ဦးကို ကမ္ဘောဒီးယား သို့ လာရောက်လေ့လာရန်ဖိတ် ခေါ်ခဲ့သည်။ ဝါရှင်တန်ပို့စ်သတင်း စာ၏ သတင်းထောက် အဲလိဇ ဘက်ဘတ်ကာ(၃၁)နှစ်၊ စိန့်လူစီ ပို့စ်ဒစ်စပတ်ချ်သတင်းစာ၏ သံ တမန်ရေးရာနှင့် နိုင်ငံခြားရေးရာ သတင်းထောက်ရစ်ချက်ဒွတ်မင်း (၆၀) နှစ်နှင့် ဗြိတိသျှပါမောက္ခမဲလ်ကွန်ကတ်ဝဲလ်(၄၇) နှစ်တို့ဖြစ်ပါသည်။

ခမာနီအစိုးရက သူတို့သုံးဦး ကို ဖိတ်ခေါ်သည့် ရည်ရွယ်ချက် အမှန်က ကမ္ဘောဒီးယားကို စတင် ကျူးကျော် တိုက်ခိုက်နေပြီ ဖြစ် သည့် ဗီယက်နမ်တပ်ဖွဲ့များကို နိုင်ငံတကာအကူအညီဖြင့် ပိတ် ဆို့နိုင်အောင် ဝါဒဖြန့်လိုသည့် ရည်ရွယ်ချက်ဖြစ်သည်။

 သတင်းစာ ဆရာမအဲလိဇ ဘက်ဘက်ကာက ဝါရှင်တန်ပို့စ် ၏ သတင်းထောက်အဖြစ် ၁၉၇၂- ၇၃ခုနှစ်များမှာ ကမ္ဘောဒီးယားမှာ နေထိုင်ပြီး သတင်းများရေးသား ခဲ့သူဖြစ်သည်။ ရစ်ချက်ဒွတ်မင်း ကတော့ ဝါရင့်နိုင်ငံရေးသတင်း ထောက်ဖြစ်ပြီး ဗီယက်နမ်စစ်သ တင်းယူရင် ဗီယက်နမ်ကွန်မြူနစ် များ၏ ဖမ်းဆီးမှုကို ခံခဲ့ရဖူးသူဖြစ် သည်။ ဗြိတိသျှပါမောက္ခမဲလ်ကွန်ကတ်ဝဲလ်ကတော့ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူလက်ဝဲဝါဒကို အားပေးသူနှင့် ခ မာနီခေါင်းဆောင်များကို ထောက်ခံသူ တစ်ဦးဖြစ်သည်။

နှစ်ပတ်ကြာသည့်ခရီးစဉ်အ တွင်းမှာ ခမာနီအစိုးရက သူတို့ သုံးဦး၏ သွားလာခွင့်ကိုတင်းတင်း ကျပ်ကျပ်ထိန်းချုပ်ထားခဲ့သည်။ ဖနွမ်းပင်မြို့တော်ရှိ အိမ်တစ်လုံး မှာ သူတို့ကို အစောင့်အရှောက် ဖြင့်ထားပြီး အစိုးရက စီစဉ်ပေး သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း များနှင့် အခမ်းအနားများကိုသာ တွေ့ဆုံ တက်ရောက်ခွင့်ပြုသည်။ ကမ္ဘောဒီးယားမှာတကယ်ဘာဖြစ် နေသလဲဆိုသည်ကို နိုင်ငံတကာ ကို ပြန်ပြောကြရမည့်တာဝန်က သူတို့အတွက် လွယ်လှသည်မ ဟုတ်ပါ။

တစ်ချိန်က ကမ္ဘောဒီးယား တွင် နေထိုင်ခဲ့ဖူးသည့် အဲလိဇ ဘက်အတွက်ကတော့ ဖနွမ်းပင် မြို့ကြီးက တစ္ဆေမြို့လိုဖြစ်နေ သည်။ လမ်းတွေပေါ်မှာ လူတွေ ကိုမတွေ့ရ၊စတိုးဆိုင်၊ကော်ဖီ ဆိုင်၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ ဘာမျှမရှိတော့။ ဘယ်နေရာမှာမျှ ဂီတသံမကြားရ။ ကလေးများကို မတွေ့ရ၍ အဲလိဇဘက်က မေး  ကြည့်သောအခါ ကျေးလက်မှာ စာသင်နေကြသည်ဟု ခမာနီတာ ဝန်ရှိသူကပြန်ဖြေသည်။ ဖနွမ်းပင် သည် အသက်ရှင်နေထိုင်မှု၏ အ ရိပ်အယောင် မတွေ့ရတော့ဟု အဲလိဇဘက်က နောက်ပိုင်းမှာ ပြန်ရေးသားခဲ့သည်။

ဖနွမ်းပင်မြို့ပြင်ကို ထွက်ခွင့် ရသည့် တစ်ကြိမ်မှာတော့ကလေး များကို သူတို့တွေ့ခွင့်ရခဲ့သည်။ စိုက်ပျိုးရေးဒေသတစ်ခုသို့ လေ့လာရေးအသွား အဝေးပြေးလမ်းမပေါ်မှာ ထင်းများကိုသယ်ရင်းသွားနေသောကလေးများကို တွေ့ရခြင်းဖြစ်သည်။ တန်းစီပြီးသွားနေကြသော ပိန်လှီနေသည့်ကလေးများမှာ ဖိနပ်မပါကြ။ အဝတ်အစားများက စုတ်ပြဲနေကြသည်။ ခမာနီဧည့်လမ်းညွှန်ကတော့ ထိုကလေးများသည် လယ်ယာလုပ်ငန်းကို လေ့လာနေကြသည့် ‘ကျောင်းသားများ’ဟု ဆိုသည်။

နောက်ဆုံးတော့ ကမ္ဘောဒီး ယားက သူတို့မပြန်ခင်နောက်ဆုံး တစ်ရက်မှာ ခမာနီကွန်မြူနစ်တို့ ၏ခေါင်းဆောင် ပိုပေါ့ကို အဲလိဇ ဘက်၊ ရစ်ချက်နှင့် မဲလ်ကွန်တို့ အင်တာဗျူးခွင့်ရခဲ့သည်။ သတင်း စာဆရာနှစ်ဦးဖြစ်သည့် အဲလိဇ ဘက်နှင့် ရစ်ချက်တို့က ပိုပေါ့ကို နှစ်နာရီကြာ ပူးတွဲအင်တာဗျူးခွင့် ရသည်။ သူတို့အပြီးမှာ ပါမောက္ခ မဲလ်ကွန်က သီးခြားတွေ့ဆုံခွင့်ရ သည်။ ခေါင်းဆောင်ကြီး ပိုပေါ့နှင့် တွေ့ဆုံခွင့်ရပြီး သူတို့သုံးဦး ဖနွမ်းပင်ရှိ တည်းခိုသည့် နေအိမ်မှာ ပြန်အနားယူခဲ့ကြသည်။ နောက်တစ်နေ့မှာ သူတို့အိမ်ပြန်ကြတော့မည်။

 ထိုညမှာပဲ သေနတ်ကိုင် ထားသည့် လူသတ်သမားတစ်ဦး က သူတို့အိမ်ကို ရောက်လာခဲ့ သည်။ အဲလိဇဘက်ထွက်ပြေးပြီး သူမအခန်းတံခါးကို ချက်ချလိုက် သည်။ လူသတ်သမားက အပေါ် ထပ်ကို တက်သွားသည်။ အပေါ် ထပ်မှာရှိသည့် ရစ်ချက်ကလည်း သူ့အိပ်ခန်းထဲကို ဝင်ပြေးပြီး ချက် ချလိုက်သည်။

ခဏနေတော့ သေနတ်သံ များ ထွက်ပေါ်လာသည်။ အဲလိဇ ဘက်နှင့် ရစ်ချက်တို့ အခန်းထဲမှာ နာရီအနည်းငယ်ကြာအောင် ပုန်း အောင်းနေခဲ့ကြပြီး နောက်မှာ တော့ ခမာနီအရာရှိများ ရောက် လာပြီး ပါမောက္ခမဲလ်ကွန်ကို လူ သတ်သမားက သတ်သွားပြီဖြစ် ကြောင်း သတင်းလာပေးသည်။ ခမာနီအစိုးရက လူသတ်သမားကို ဗီယက်နမ်အစိုးရက စေခိုင်းခြင်း ဖြစ်ကြောင်း စွပ်စွဲသည်။ နောက် တစ်နေ့မှာ အဲလိဇဘက်နှင့် ရစ်ချ် တို့အမေရိကန်ကို ပြန်ခဲ့ကြသည်။

ကမ္ဘောဒီးယားအတွေ့အ ကြုံကို သူတို့ဆောင်းပါးများ ရေး သားကြသည့်အခါ ပြဿနာက စ ပါတော့သည်။ ရစ်ချက်က ‘‘ယေ ဘုယျအားဖြင့် ကျန်းမာသောပြည် သူများ’’ကို တွေ့ခဲ့ရသည်ဟု ရေး သားသည်။ ‘‘လယ်သမားများနှင့် မြို့ပေါ် အလုပ်သမားများ၏ ရုပ် ပိုင်းဆိုင်ရာဘဝသည် ပိုမိုကောင်း မွန်လာပုံရသည်။ အခြားသော ပြည်သူအများစုသည်လည်း အ တူတူဖြစ်ကောင်းဖြစ်နိုင်ပါသည်’’ ဟု ဆိုသည်။ ကမ္ဘောဒီးယားက ထွက်ပြေးလာသူ ဒုက္ခသည်များ ၏ ပြောစကားအများစုမှာ မမှန် ကန်ပါဟု သူက မှတ်ချက်ချသည်။

အဲလိဇဘက်၏ ဆောင်းပါး ကတော့ ရစ်ချက်နှင့် ဆန့်ကျင်ဘက်ပါ။ ခမာနီ ကွန်မြူနစ်တို့ အောက်မှာ ကမ္ဘောဒီးယားလူ့အဖွဲ့အစည်းသည် ပြိုကွဲသွားခဲ့ပြီဟု သူမက ကမ္ဘာကို အသိပေးခဲ့ပါသည်။

နိုင်ငံတကာမီဒီယာ အသိုင်း အဝိုင်းမှာ အဲလိဇဘက်နှင့် ရစ် ချတ်ဘယ်သူမှန်သလဲဆိုသည့် သဘောထား ကွဲလွဲခဲ့ပါသည်။ နှစ်ပတ်ကြာ ခရီးစဉ်တစ်ခုကို အ တူသွားခဲ့ကြပြီး ခြားနားသည့် အ မြင်နှစ်ခုက ပဟေဠိဖြစ်ခဲ့သည်။

ထိုအချိန်ကာလမှာတော့ အတွေ့အကြုံပိုများပြီး အသက်ပို ကြီးသည့် ရစ်ချက်၏ ဆောင်းပါး ကို ပိုပြီး ယုံကြည်ခဲ့ကြပါသည်။

နှစ်ပေါင်း ၃၇ နှစ်အကြာ ၂၀၁၅ မှာတော့ ခမာနီခေါင်း ဆောင်များကို စွဲချက်တင်သည့် တရားခွင်မှာ အဲလိဇဘက်နှင့် ရစ်ချက်တို့ ပြန်လည်ဆုံတွေ့ကြ ရပါပြီ။ အဲလိဇဘက်က ခမာနီ ခေါင်းဆောင်များကို စွဲဆိုသည့် တရားလိုဘက်က သက်သေဖြစ် ပြီး ရစ်ချက်ကတော့ တရားခံရှေ့ နေများက ခေါ်ယူသည့် သက်သေ ဖြစ်ပါသည်။

အသက် (၆၈)နှစ်မှာ ကျန်း မာနေဆဲ အဲလိဇဘက် ဘက်ကာ က ဖနွမ်းပင်မြို့တော်အထိ လာ ရောက်ထွက်ဆိုသွားပြီး အသက် (၉၇)နှစ်ရှိပြီဖြစ်တဲ့ ရစ်ချက်ဒွတ် မင်းကတော့ အမေရိကန်ပြည် ထောင်စု မိန်းပြည်နယ်ကနေ အွန်လိုင်းမှတစ်ဆင့် ထွက်ဆိုခဲ့ ပါသည်။

ရစ်ချက်က လွန်ခဲ့သည့် ၃၇ နှစ်က ဆောင်းပါးသည် ခရီးစဉ်အ တွင်း သူမြင်ရသည်ကို ရိုးရိုးသား သား ယုံကြည်စွာဖြင့် ရေးခဲ့ ကြောင်း ပြောသည်။ အဲလိဇဘက် ကတော့ သူမရေးခဲ့သည့် ဆောင်း ပါးမှာ ခရီးစဉ်အတွင်း သူမ မမြင် တွေ့ခဲ့ရသည့် အရာများအပေါ်မှာ အာရုံစိုက်ခဲ့သည်ဟု ဆိုပါသည်။ ဖနွမ်းပင်မြို့မှာ ပျောက်ကွယ်သွား ခဲ့သည့် အရာများ…လမ်းပေါ်မှာ ဆော့နေသည့် ကလေးငယ်များ၊ သက်ဝင်လှုပ်ရှားနေသည့် မြို့  ပြ…။

နောက်ဆုံးတော့ ၃၇ နှစ် တိုင်အောင် ကြာမြင့်ခဲ့သည့် ပဟေဠိကို ရစ်ချက်က ဖြေရှင်း ပေးခဲ့ပါသည်။

အခုအချိန်မှာ ပြန်စဉ်းစား သည့်အခါ ထိုဆောင်းပါးကို သူ ရေးမိမည်မဟုတ်ပါတဲ့။ သတင်း စာဆရာတစ်ဦးအနေဖြင့် ကိုယ် မြင်တွေ့ရသည်ကို ရေးရုံနှင့် မလုံ လောက်ကြောင်း သူက သက်သေ ပြခဲ့ပါသည်။ သူ့ကို သက်သေအ ဖြစ်ခေါ်သည့် တရားခံရှေ့နေများ ပက်လက်လန်ကြပါတော့သည်။ သူ့ပခုံးပေါ်မှာ တင်ရှိနေသည့် ၃၇ နှစ်ကြာဝန်ထုပ်ဝန်ပိုးကို ရစ်ချက် ဒွတ်မင်းက သတ္တိရှိရှိ ချေဖျက်ပစ် ခဲ့ပါသည်။

တရားခွင်မှာ ထွက်ဆိုအပြီး (၉၇)နှစ်ရှိပြီဖြစ်သည့် ရစ်ချက်က သူ့သတင်းစာဟောင်း စိန့်လူဝီပို့စ် ဒစ်စပတ်ချ်မှာ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါသည်။ ဆောင်းပါးကို သူ က အခုလို စဖွင့်ထားပါသည်။

‘‘ဘဝတစ်လျှောက်လုံး သ တင်းစာဆရာလုပ်ခဲ့သူတစ် ယောက်အဖြစ် ကျွန်တော်နာကျင် စွာနဲ့ လေ့လာမိတာကတော့ ကိုယ်ရေးတဲ့စာဟာ တစ်နေ့မှာ ကိုယ့်ကို ပြန်ကိုက်စားနိုင်တယ်ဆို တာပါပဲ’’။။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်